back

အိန္ဒိယပြည်တွင်းထုတ်ကုန်တန်ဖိုး ၁၀ နှစ်အတွင်း နှစ်ဆတိုးလာ၊ ကမ္ဘာ့စတုတ္ထစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ရန် တာဆူ

Mar 26 • 6:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယပြည်တွင်းထုတ်ကုန်တန်ဖိုး ၁၀ နှစ်အတွင်း နှစ်ဆတိုးလာ၊ ကမ္ဘာ့စတုတ္ထစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ရန် တာဆူ

အိန္ဒိယသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၁၀၅ ရာခိုင်နှုန်း ရရှိခဲ့ကာ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံ...

အိန္ဒိယသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၁၀၅ ရာခိုင်နှုန်း ရရှိခဲ့ကာ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က နောက်ဆုံးထုတ်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။အိန္ဒိယ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး(GDP)သည် လက်ရှိတွင် ဒေါ်လာ ၄ ဒသမ ၃ ထရီလီယံ ရှိကြောင်း IMF တွင် ဖော်ပြထားသည်။ နာရင်ဒရာမိုဒီ၏ ပထမဆုံး ဝန်ကြီးချုပ်သက်တမ်း တနှစ်မပြည့်မီ ၂၀၁၅ ခုနှစ်တွင် အိန္ဒိယ၏ GDP သည် ဒေါ်လာ ၂ ဒသမ ၁ ထရီလီယံရှိခဲ့သည်။ ယင်းနောက်ပိုင်းမှစ၍ အိန္ဒိယ၏စီးပွားရေးသည် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး(GDP)အရ နှစ်ဆကျော် တိုးတက်လာခြင်းဖြစ်သည်။

news-view-count-icon

17