မတ်လ၂၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ်အစီး ၃၀ ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၆၁ မျိုး၊ လူသုံးကုန်ပစ္စည်း ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၈၆,၉၇၂,၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck ၁၀ စီး၊ Nissan Diesel Truck ခြောက်စီး၊ Hino Ranger Truck သုံးစီး၊ Hino Truck နှစ်စီး၊ Dong Feng Truck နှစ်စီး၊ Mitsubishi Fuso Truck တစ်စီး၊ Si Thu Truck တစ်စီး၊ Nidi Truck တစ်စီး၊ Golden Truck တစ်စီး၊ Shwe Chan Truck တစ်စီး၊ Win Myanmar Truck တစ်စီးနှင့် Super Mandalar Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၈၆,၉၇၂,၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။
ကရင်ပြည်နယ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၆၁ မျိုးဖမ်းမိခဲ့
Mar 26 • 4:37 AM
မြန်မာ
ကရင်
မျှဝေမည်
| 12 | 0 | 0 | 0 |


