အမေရိကန် ဒုတိယသမ္မတ James David Vance ၏ ဇနီးဖြစ်သူ Usha Vance သည် ယခုအပတ်အတွင်း ဂရင်းလန်းကျွန်းသို့ ခရီးစဉ်သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ ယခုအကြိမ် ခရီးစဉ်သည် အမေရိကန်သမ္မတ ထရမ့်က ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည့်စိတ်ကူးအား အကြိမ်များစွာ ထုတ်ဖော် ပြောကြားထားသည့် အချိန်အခါနှင့်တိုက်ဆိုင်လျက်ရှိရာ ဂရင်းလန်းကျွန်းဘက်က ယင်းသည် “အန္တရာယ်များသော စိန်ခေါ်မှုတစ်မျိုး” ဖြစ်သည်ဟု ယူဆထားကြောင်း သိရသည်။


