back

အမြန်လမ်းနွားထိုးကြီးလမ်းခွဲ(မိုင်တိုင် ၃၁၉ ၀န်းကျင်) တွင် ခရီးသည်တင်ယာဉ်များရပ်မပေးတော့ဟု ဆို

Mar 24 • 4:16 PM

breaking-news

မြန်မာ

မန္တလေး

cover

အမြန်လမ်းနွားထိုးကြီးလမ်းခွဲ(မိုင်တိုင် ၃၁၉ ၀န်းကျင်) တွင် ခရီးသည်တင်ယာဉ်များရပ်မပေးတော့ဟု ဆို

တစ်နှစ်အတွင်းတိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ပြီးနောက်၊ နွားထိုးကြီးလမ်းခွဲ အမြန်လမ်းမိုင်တိုင် ၃၁၉ အနီး ၀န်းကျင်မှာ၊ ခရီးသည်တင် ယာဉ်များရပ်တန့်မပေးတော့ကြောင်း၊ ဒေသခ...

တစ်နှစ်အတွင်းတိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ပြီးနောက်၊ နွားထိုးကြီးလမ်းခွဲ အမြန်လမ်းမိုင်တိုင် ၃၁၉ အနီး ၀န်းကျင်မှာ၊ ခရီးသည်တင် ယာဉ်များရပ်တန့်မပေးတော့ကြောင်း၊ ဒေသခံနှင့်ခရီးသည်များထံကသိရသည်။ခရီးသည်များအနေနှင့် နွားထိုးကြီးမြို့အ၀င်လမ်းခွဲအတက်အဆင်းပြုလိုပါက၊ မိုင်တိုင် ၃၁၉ မရောက်ခင် လမ်းတစ်နေရာတွင်သာ အတက်အဆင်းပြုရပြီး၊ မိုင်တိုင် ၃၁၉ ၀န်းကျင်မှ တံတားဦးတိုးဂိတ်ကြား လုံး၀ရပ် တန့် မပေးတော့သည့်ယာဉ်လိုင်းများလည်းရှိကြောင်းသိရသည်။ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၉ အနီးတွင်၊ နွားထိုးကြီးမြို့သို့သွားသောလမ်းခွဲတစ်ခုရှိပြီး၊ ပုဂံ- ညောင်ဦး-ပုပ္ပါးခရီးစဉ်သို့ ထိုလမ်းခွဲမှတစ်ဆင့်အသွားအပြန်လုပ်ကြသည်များလည်းရှိသည်။



news-view-count-icon

51