တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့၊ ရှီးစန် အထည်ချုပ်စက်ရုံ (ရုံ ၂) က မြန်မာအလုပ်သမားတွေကို တနင်္ဂနွေနေ့ဝက် အလုပ် လုပ်ကိုင်ခိုင်းပြီး အချိန်ပိုကြေးမပေးဘူးလို့ သိရပါတယ်။ စက်ရုံဘက်က တလ ယွမ် ၁၈၀၀ ပေးမယ်ဆိုပြီး အလုပ်ခေါ်ယူခဲတာဖြစ်ပြီး တကယ်ရရှိတဲ့ လုပ်ခလစာမှာ ရက်မှန်ကြေး အပါအဝင် ယွမ် ၁၆၀၀ ဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်ပွဲစားအတွက် ယွမ် ၁၀၀၊ နေထိုင်ခွင့်အတွက် ယွမ် ၁၀၀ နဲ့ ဆေးစစ်ခ ယွမ် ၄၀ ကို လစဉ် အဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။



