back

ထိုင်း ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ ဘတ် ၂၆.၅၆၄ ဘီလီယမ်ရမယ်လို့ ခန့်မှန်းထား

Mar 24 • 2:30 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်း ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ ဘတ် ၂၆.၅၆၄ ဘီလီယမ်ရမယ်လို့ ခန့်မှန်းထား

ထိုင်းအစိုးရက နောက်လမှာ ကျင်းပမယ့် ဆုန်ခရန် ပွဲတော်အတွက် ပြင်ဆင်နေပြီး ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင် (TAT) က ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ ဘတ် ၂၆.၅၆၄ ဘီလီယမ်ရမ...

ထိုင်းအစိုးရက နောက်လမှာ ကျင်းပမယ့် ဆုန်ခရန် ပွဲတော်အတွက် ပြင်ဆင်နေပြီး ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင် (TAT) က ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ ဘတ် ၂၆.၅၆၄ ဘီလီယမ်ရမယ်လို့ ခန့်မှန်းထားပါတယ်။ TAT အကြီးအကဲ Thapanee Kiatphaibool က ဧပြီလ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပမယ့် ၅ ရက်ကြာပွဲတော်ကို လာရောက်မယ့် ခရီးသွားတွေ အလွန်များမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတကာ ခရီးသွားတွေထံကနေ ဝင်ငွေ ဘတ် ၇.၃၂၄ ဘီလီယမ်ရနိုင်ပြီး ၆.၅ ရာခိုင်နှုန်း တိုးတက်လာနိုင်ပါတယ်။ စုစုပေါင်း ခရီးသွားလုပ်ငန်း ဝင်ငွေဟာ အရင်နှစ်ကထက် ၈ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ 



news-view-count-icon

24