တောင်ကိုရီးယားမှ ဆိုးလ်မြို့တော်အစိုးရသည် ဆိုးလ်မြို့ခံများအတွက် နိုင်ငံခြားသား ကလေးထိန်းများကို ဈေးသက်သက်သာသာဖြင့် ငှာရမ်းနိုင်မည့် အစီအစဉ်ကို တနင်္လာနေ့ (မတ်လ ၂၄)ရက်တွင် စတင်လိုက်ပြီး နိုင်ငံခြား ကျောင်းသားများအပါအဝင် ဗီဇာအမျိုးအစားအချို့ အကျုံးဝင်သည်။ ကိုရီးယားတွင် ရောက်ရှိနေသည့် နိုင်ငံခြားသားများတွင် D-2, D-10-1, F-3 , F-1-5 ဗီဇာ ၄မျိုး အနက် တမျိုးမျိုးကို ကိုင်ဆောင်ထားသူများ အလုပ်လျှောက်ထားလိုပါက EasyTask ဝန်ဆောင်မှု လုပ်ငန်း၏ ဝဘ်ဆိုက်တွင် စာရင်းပေးသွင်းနိုင်သည်။ လုပ်ခလစာသည် ကိုရီးယားနိုင်ငံတွင် ပြဋ္ဌာန်းထားသော အနည်းဆုံးလုပ်ခလစာထက် နည်းမည်။



