ပြီးခဲ့တဲ့ မတ်လ ၂၂နှင့် ၂၃ ရက်နေ့ မှာ UEFA Nations League ကွာတားဖိုင်နယ်ရဲ့ဒုတိယကျော့ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ပြီးနောက် ဆီးမီးဖိုင်နယ်ပွဲစဉ်များကို ဇွန်လ ၄ ရက်နှင့် ၅ ရက်တို့မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်တယ်လို့ သိရပါတယ်။ UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ဇွန်လ ၄ ရက်တွင် ဂျာမနီနှင့် ပေါ်တူဂီ၊ ဇွန်လ ၅ ရက်တွင် လက်ရှိချန်ပီယံ စပိန်နှင့် ပြင်သစ် အသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။



