ရှယ်ယာဈေး ထိုးကျဆင်းမှုတွေ ၊ CEO အီလွန်မတ်စ်ရဲ့ နိုင်ငံရေး စွက်ဖက်မှုနဲ့ဩဇာတည်ဆောက်မှုအပေါ် အမြင်မကြည်မှုတွေကနေ Tesla ကားတွေ မဝယ်ဖို့ သပိတ်မှောက်တာ ၊ Tesla ကားနဲ့ ကားအရောင်းပြခန်းတွေ ၊ အားသွင်းရုံတွေ မီးရှို့ဖျက်ဆီးတာအထိ ကြုံနေတာပါ။ Tesla ရဲ့ အဓိက ရှယ်ယာရှင်တွေ ဒေါ်လာသန်းရာနဲ့ချီတန် ရှယ်ယာတွေ ထုတ်ရောင်းတာအထိ ဖြစ်လာနေပါတယ်။ လက်ရှိမှာ ရှယ်ယာဈေး ထက်ဝက်ထိုးကျသွားပေမယ့် စတော့တွေ ထုတ်မရောင်းဖို့လည်း အီလွန်မတ်စ်က သူ့ဝန်ထမ်းတွေကို တိုက်တွန်းထားပါတယ်။ လက်ရှိတွင် Tesla ကားတင်ပို့မှုက နှေးကွေးသထက် နှေးကွေးလာပြီး ဥရောပက အဓိကကားဈေးကွက်တွေမှာ ရောင်းအားကျဆင်းလာနေပါတယ်။



