ဇွဲကပင်တောင် တောမီးလောင်မှု ယနေ့ မတ် ၂၄ ရက် ညနေ ၃ နာရီကျော်တွင် မီးထိန်းနိုင်သော်လည်း တောင်ပေါ်ရှိ အထက်ရေတံခွန် ဘုန်ကြီးကျောင်းအနီး အပူဒဏ်နှင့် လေတိုက်နှုန်းကြောင့် မီးဆက်လက်လောင်းကျွမ်းနေမှုရှိနေတဲ့အတွက် ဇွဲကပင်တောင်ပေါ်မှ ရေများသယ်ယူကာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ) တို့ပူးပေါင်း၍ အသင်းဝင်များဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) ရဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။



