တရုတ်ပြည်တွင် တက်စလာ၏ Full Self-Driving (FSD) ကို မတ် ၂၇ မှ ဧပြီလ ၁၆ ရက်အထိ အခမဲ့ အသုံးပြုပြီး သုံးစွဲနိုင်ကြောင်း မတ်လ ၁၇ ရက်တွင် Tesla China က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ FSD မြည်းစမ်းခွင့် ရသည့် တက်စလာ အီးဗီများသည် ဆော့ဖ်ဝဲ update များကို အက်တာနက်မှတဆင့် ကားသို့ ပို့ပေးသွားမည်ဖြစ်ပြီး မြေပုံများလည်း လက်ခံရရှိမည်ဟု အငိပေးထားသည်။
FSD ကို သုံးစွဲစဉ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခြင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားခြင်းတို့အတွက် ယာဉ်မောင်းမှာသာ တာဝန်ရှိမည်ဖြစ်ကြောင်း၊ FSD အတွက် တက်စလာမှ တာဝန်မယူကြောင်း အသိပေးထားသည်။



