တူရကီသမ္မတ အာဒိုဂန်ရဲ့ အဓိကနိုင်ငံရေးပြိုင်ဘက်ဖြစ်သူ အစ္စတန်ဘူလ်မြို့တော်၀န် အီကရမ်အီမာမိုဂလူ ဖမ်းဆီးခံရပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လူ ၇၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။အကျင့်ပျက်ချစားမှု စွဲချက်တွေကြောင့် အစ္စတန်ဘူလ်တရားရုံးက သူ့ကို မနေ့က တရားဝင်ဖမ်းဆီးထိန်းသိမ်းဖို့ အမိန့်ချလိုက်ပြီး အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။ သမ္မတလောင်းအဖြစ် ရွေးချယ်ဖို့ စီစဉ်ထားတဲ့ မီမာမိုဂလူကို ဖမ်းဆီးပြီးနောက် နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဆက်လက်ဖြစ်ပွားနေပါတယ်။



