မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော် ရွှေသမင်ဘေးမဲ့တောဥယျာဉ် တွင် ရွှေသမင်စခန်း တည်ဆောက်ရန် စီစဉ်နေကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ကပြောကြားသည်။ ထိုဘေးမဲ့တောတွင် ရွှေသမင် (၅၃)ကောင် ထိန်းသိမ်းထားပြီး အစာစိမ်း၊ ကန်းစွန်းရွက်၊ ဗေဒါရွက်စသည့် အစာများဖြင့် မွေးမြူထားသည်။ လက်ရှိတွင် ရွှေသမင်များကို ခရီးသွားများ လာရောက်ကြည့်ရှုနိုင်ရန်၊ အစာကျွေးနိုင်ရန်နှင့် အမှတ်တရဓာတ်ပုံရိုက်နိုင်ရန် ဆင်စခန်းကဲ့သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။



