၂၀၂၅ သင်္ကြန်အကြိုအဖြစ် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက ဧပြီလ ၂ ရက်မှ ၅ ရက်အထိ “ပြည်တွင်းဆီများ သင်္ကြန်အကြိုဈေးရောင်းပွဲတော်” ကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။ လမ်းမတော်မြို့နယ် UMFCCI ရှေ့နှင့် ရန်ကင်းမြို့နယ် Sky Suites Condo ရှေ့ တို့တွင်ပြုလုပ်မည်ဖြစ်ပြီး, မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို တိုက်ရိုက်စျေးချိုချိုးဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။



