မတ်လ ၁၇ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၃.၃ သန်းကို ၃၅၉၇ ကျပ်နှုန်းဖြင့်၊ တရုတ်ယွမ် ၂.၀၆၅ သန်းကို ၅၄၂.၈ ကျပ်နှုန်းဖြင့် ထုတ်ရောင်းပေးခဲ့သည်။သို့သော် ထိုင်းဘတ်နှင့် အိန္ဒိယရူပီးအတွက် အဆိုပါရက်များအတွင်း ထုတ်ရောင်းမှုမရှိခဲ့ ကြောင်း သိရသည်။



