မတ်လ ၂၄ရက် မှာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များ၊ တိုင်းခရိုင် ဌာနဆိုင်အကြီးအကဲများလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီက နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီကျေးရွာ၊ ကွင်းအမှတ်(၁၀၉၃)ရှိ တောင်သူဦးအောင်မင်းနှင့် တောင်သူ ၁၇ ဦးတို့၏ နွေစပါး (ဗီယက်နမ်)မျိုးဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက (၂၀၀)အကွက်ကျယ် စံပြကွက်၏ စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ယူရီးယားနှင့် သဘာဝမြေသြဇာ စုပေါင်းကြဲပတ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။



