ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ ထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေဟာ လက်ရှိအချိန်မှာ တစ်ပိဿကို ၁၅၀ကျပ်ခန့်သာ ရရှိနေလို့ တောင်သူတွေနဲ့ ပူးပေါင်းပြီး Value Added တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်ပြီး တနိုင်ငံလုံးဖြန့်ချီရန် ကြိုးစားနေတယ်လို့ တောင်သူ့တံတားအဖွဲ့ထံကနေ သိရပါတယ်။တောင်သူ့တံတားအဖွဲ့နဲ့ တောင်သူတွေ ပူးပေါင်းကာ ခရမ်းချဉ်သီးတွေကို Dry Slice (အပြားခြောက်) Flake (ခွဲကြမ်းဖက်) Powder (အမှုန့်) စတဲ့ လက်ရှိအချိန်မှာ ကုန်ကြမ်း အနေနဲ့ (၃) မျိုးထုတ်ပေးနေပြီး ခရမ်းချဥ်ခြောက်အတွက် နေလှန်းခြောက်အပြင် dehydrator စက်နဲ့လည်း အခြောက်ခံပြီး ထုတ်လုပ်နေတယ်လို့ သိရပါသည်။



