ONE 172 ၏ ဖယ်သာဝိတ်တန်း ကစ်ဘောင်ဆင် ကမ္ဘာ့ချန်ပီယံရှစ်ပွဲစဉ်တွင် ဂျပန်ကစားသမား မာဆာကီနိုအီရီက လက်ရှိချန်ပီယံ တာဝမ်ချိုင်းကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ကာ Interim ချန်ပီယံသစ် ဖြစ်လာခဲ့သည်။ နိုအီရီ(၃၁ နှစ်)အနေဖြင့် ONE လက်အောက်တွင် လေးပွဲထိုးသတ်ရန် နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးမှတ်တမ်း ရရှိခဲ့ပြီး နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရခဲ့သည်။ တာဝမ်ချိုင်း(၂၅ နှစ်)မှာမူ ONE တွင် ကိုးပွဲဆက် အနိုင်ရထားမှု ရပ်တန့်ခဲ့ပြီး ONE ၁၀ ပွဲတွင် ဒုတိယမြောက်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။



