back

ကမ္ဘာ့စတုတ္ထအကြီးဆုံး ကွန်တိန်နာတင်သင်္ဘောလိုင်းဖြစ်သည့် Cosco Shipping Holdings သည် ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းလည်ပတ်ဝင်ငွေ ယခင်နှစ်ကထက် ၃၃.၂၉% ပိုမို ရရှိခဲ့

Mar 24 • 3:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့စတုတ္ထအကြီးဆုံး ကွန်တိန်နာတင်သင်္ဘောလိုင်းဖြစ်သည့် Cosco Shipping Holdings သည် ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းလည်ပတ်ဝင်ငွေ ယခင်နှစ်ကထက် ၃၃.၂၉% ပိုမို ရရှိခဲ့

တရုတ်နိုင်ငံ၏ အကြီးဆုံး ကွန်တိန်နာ သင်္ဘောလိုင်းဖြစ်ပြီး ကမ္ဘာ့စတုတ္ထအကြီးဆုံး ကွန်တိန်နာတင်သင်္ဘောလိုင်းဖြစ်သည့် Cosco Shipping Holdings သည် ၂၀၂၄ ခုနှစ်တွင် လု...

တရုတ်နိုင်ငံ၏ အကြီးဆုံး ကွန်တိန်နာ သင်္ဘောလိုင်းဖြစ်ပြီး ကမ္ဘာ့စတုတ္ထအကြီးဆုံး ကွန်တိန်နာတင်သင်္ဘောလိုင်းဖြစ်သည့် Cosco Shipping Holdings သည် ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းလည်ပတ်ဝင်ငွေ ယခင်နှစ်ကထက် ၃၃.၂၉% ပိုမို ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၃.၂၉ ဘီလီယံ ရရှိခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်သည်။အသားတင်အမြတ် ၉၅% မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၇.၇၅ ဘီလီယံ ရရှိခဲ့သည်။ Cosco သည် ကွန်တိန်နာသင်္ဘောလိုင်း မဟာမိတ်အဖွဲ့ Ocean Alliance တွင် အဖွဲ့ဝင် ဖြစ်သည်။ Ocean Alliance တွင် အဖွဲ့ဝင်အဖြစ် ကွန်တိန်နာသင်္ဘောလိုင်း ၄ ခု တရုတ်မှ Cosco ၊ဟောင်ကောင်မှ Orient Overseas Container Line OOCL ၊ ပြင်သစ်မှ CMA CGM ၊ ထိုင်ဝမ်မှ Evergreen Marine တို့ပါဝင်သည်။ 


news-view-count-icon

17