လေးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ခဲ့ပြီးနောက် သမ္မတအိမ်တော်နှင့် ခါတွမ်မြို့လယ်ရှိ အရေးကြီး အစိုးရအဆောက်အဦများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဆူဒန်စစ်တပ်က မတ် ၂၁ ရက်၌ ပြောကြားခဲ့ရာ ၎င်း၏ပြိုင်ဘက်ဖြစ်သည့် အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာခဲ့သည်။ဆူဒန်စစ်တပ် (SAF) ပြောခွင့်ရသူ နာဘီလ် အက်ဘ်ဒါလာက တပ်ဖွဲ့ဝင်များအနေဖြင့် RSF တိုက်ခိုက်ရေးသမားများကို သမ္မတအိမ်တော်ဝင်း၊ အယ်လ်ဆွတ် အယ်လ်-အာရာဘီဈေးနှင့် ဝန်ကြီးဌာနအချို့မှ တိုက်ထုတ်နိုင်ခဲ့ပြီဟု ရုပ်သံမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။



