အသက် ၃၂ နှစ်အရွယ် ဂျေသန် ဂေလ်ဒါ ဟာ သူအထိန်းသိမ်းခံခဲ့ရတဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့နား တဝိုက်မှာ (Tiffany & Co) တစ်ဖနီ စိန်ကုမ္ပဏီထုတ် စိန်နားကပ်တွေကို မျိုချခဲ့တာလို့ ရဲက ပြောပါတယ်။သူ့အူလမ်းကြောင်းကနေ စိန်နားကပ်တွေ ပြန်မထုတ်နိုင်ခင် မစ္စတာ ဂေလ်ဒါကို အော်လန်ဒိုဆေးရုံတစ်ခုမှာ စုံထောက်တွေက ၁၀ ရက်ကျော်ကြာ မပြတ်စောင့်ကြည့်နေခဲ့ကြတယ်လို့ အော်လန်ဒို ရဲဌာနက ပြောပါတယ်။



