ဆုတွေအကုန် သိမ်းပိုက်သွားခဲ့တဲ့ ‘Flow’ animation ဇာတ်လမ်းလေးကြောင့် ပြင်ပ လက်တွေ့ကမ္ဘာထဲက ကြောင်မဲလေးတွေအတွက်လည်း အမှန်တကယ် ကူညီမှုရခဲ့ပါတယ် ။ အမဲရောင် ကြောင်လေးတွေအဖို့ အယူသည်းမှု အယူအဆတွေ ကြောင့် ကြောင်လောကမှာဆိုရင် မွေးစားခံရတာနည်းပြီး စွန့်ပစ်ခံရတာများခဲ့ပေမယ့် ‘Flow’ ဇာတ်လမ်း ထွက်လာပြီးတဲ့နောက် ကြောင်မဲလေးတွေ မွေးစားခံရမှုနှုန်း တိုးလာတယ်လို့ သိရပါတယ်။



