ပြည်ထောင်စုဝန်ကြီးသည် မတ် ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ သစ်နှင့် ကြိမ်အချောထည်လုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ချမ်းမြေ့သာ သစ်အချောထည်စက်ရုံ၊ မြန်မာ့သစ်လုပ်ငန်း (အမှတ် ၁၀) ပရိဘောဂစက်ရုံနှင့် တောင်ဒဂုံမြို့နယ်ရှိ Great Myanmar ကြိမ်အချောထည်လုပ်ငန်းများတွင် ထုတ်လုပ်မှု၊ ကုန်ကြမ်းရရှိမှုနှင့် ပြည်ပဈေးကွက်တင်ပို့မှုအခြေအနေများကို တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးရှိ သီးနှံသစ်တော ရောနှောစိုက်ခင်းနှင့် ပျားမွေးမြူရေးလှည့်လည်စစ်ဆေးပြီး တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ နည်းပညာဖွံ့ဖြိုးရေးနှင့် ဌာနပုဂ္ဂလိကပေါင်းစပ်ဆောင်ရွက်ရေးများကို ညှိနှိုင်းမှာကြားခဲ့သည်။



