ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနတ်ကြီးလမ်းဆုံရှိ (၃၉)မိုင်ယာဥ်ရပ်နားစခန်း၌ EV ကားများအတွက် လျှပ်စစ်ဓာတ်အားသွင်းရုံကို မတ် ၂၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါ အသစ်ဖွင့်လှစ်ခဲ့သည့် EV ကားများအ တွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံတွင် EV ကား (၁၀)စီးနှင့် EV ဘတ်စ်ကား(၆)စီး လျှပ်စစ်ဓာတ်အားဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။



