back

ပြည်ပထွက်ခွာလုပ်ကိုင်ခြင်းများကြောင့် စားသောက်ဆိုင်များတွင် စားဖိုမှူးနှင့် စားဖိုမှူးအကူများ ရှားပါးလာ

Mar 23 • 2:12 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပထွက်ခွာလုပ်ကိုင်ခြင်းများကြောင့် စားသောက်ဆိုင်များတွင် စားဖိုမှူးနှင့် စားဖိုမှူးအကူများ ရှားပါးလာ

ပြည်ပသို့ ထွက်ခွာ၍ လုပ်ကိုင်ခြင်းများကြောင့် စားသောက်ဆိုင်များတွင် စားဖိုမှူးနှင့် စားဖိုမှူးအကူများ ရှားပါလာခဲ့ကြောင်း စားသောက်ဆိုင်ဖွင့်ထားသူများထံမှ သိရသည်။လ...

ပြည်ပသို့ ထွက်ခွာ၍ လုပ်ကိုင်ခြင်းများကြောင့် စားသောက်ဆိုင်များတွင် စားဖိုမှူးနှင့် စားဖိုမှူးအကူများ ရှားပါလာခဲ့ကြောင်း စားသောက်ဆိုင်ဖွင့်ထားသူများထံမှ သိရသည်။လက်ရှိတွင် စားသောက်ဆိုင်များ အပြိုင်အဆိုင်ဖွင့်လာကြသော်လည်း ဝင်ငွေနှင့် ထွက်ငွေမမျှတခြင်းများ ကြောင့် စားဖိုမှူးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများအနေဖြင့် ပြည်တွင်း၌လုပ်ကိုင်ခြင်းထက် ပြည်ပ တွင် သွားရောက်လုပ်ကိုင်သူများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။လက်ရှိ ပြည်တွင်းစားသောက်ဆိုင်များတွင် စားဖိုမှူးတစ်ဦး၏လစာမှာ အနိမ့်ဆုံး (၄၅၀,၀၀၀)ကျပ်မှ ပြည်ပ အစားအစာများ ချက်နိုင်လျှင် ချက်နိုင်သလို (၉၀၀,၀၀၀)ကျပ်အထိ ရှိပြီး စားဖိုမှူး အကူတစ်ယောက်၏ လစာ မှာ အနိမ့်ဆုံး (၂၀၀,၀၀၀) ကျပ်မှ ကျွမ်းကျင်တက်မြောက်မှုအလိုက် (၂၅၀,၀၀၀)၊ (၃၀၀,၀၀၀)ကျပ် အထိ ရှိ ကြောင်း သိရပါသည်။


news-view-count-icon

17