လာမည့် မဟာသင်္ကြန်ကာလအပါအဝင် အများပြည်သူ ရုံးပိတ်ရက်ရှည်များတွင် စက်သုံးဆီများကို လိုအပ်သည့်နေရာတွင် လိုအပ်သလောက် အဆင်ပြေ လွယ်ကူချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ကြောင်းထုတ်ပြန်ထားသည်။လက်ရှိအခြေအနေတွင် သီလဝါရှိ ဆီချဆိပ်ကမ်းများတွင် စက်သုံးဆီတင်သင်္ဘော သုံးစင်း ဆိုက်ကပ်ချယူလျက်ရှိပြီး လမ်းခရီးတွင် ခုနစ်စင်း၊ ပြည်ပနိုင်ငံတွင် စက်သုံးဆီတင်ဆောင်နေသော သင်္ဘောလေးစင်းနှင့် စက်သုံးဆီတင်ရန်စောင့်ဆိုင်းနေဆဲ ခြောက်စင်း အပါအဝင် မတ်လအတွင်း သင်္ဘောအစင်း ၃၀ ဖြင့် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းလျက်ရှိသည်ဟု ဆိုသည်။



