(၆၅) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၃-၃-၂၀၂၅ရက်နေ့နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားအား အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်ရာတွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Prof. Celeste Saulo က ပေးပို့သော သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် Video Clip တို့ကို ပြသခဲ့ပြီး ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဆုများချီးမြှင့် ပေးအပ်ခဲ့ပါတယ်။
Mar 23 • 9:44 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 40 | 0 | 0 | 0 |


