မြေစာ ရုပ်ရှင်ဇာတ်ကားမှာ စည်ပင် ဝန်ထမ်းကို အကိုတော်ရမှာ ရှက်တဲ့ ဒိုင်ယာလောခ့်တွေအတွက် စည်ပင်ဝန်ထမ်းတွေကို စော်ကားသလို ဖြစ်သွားရင် တောင်းပန်ပါတယ်လို့ မင်းသမီး သံသာညီက ထုတ်ပြောလာခဲ့ပါတယ်။မြေစာဇာတ်ကားရဲ့Trailer မှာတင် သံသာညီတစ်ယောက် အတော်လေး ပြောခံနေရတာဖြစ်ပြီး ဇာတ်ကို ပံ့ပိုးပေးရတာဖြစ်လို့ ကာရိုက်တာ အရ ပြောရတာဖြစ်တဲ့အတွက် နားလည်ပေးကြဖို့နဲ့ ရုပ်ရှင်ထွက်လာခဲ့ရင် အားပေးကြဖို့လည်း သူမက တောင်းဆိုသွားပါတယ်။



