back

မြန်မာအမျိုးသားအသင်းမှ ပိုက်ကျော်ခြင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်ဖြင့် ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့

Mar 23 • 8:32 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာအမျိုးသားအသင်းမှ ပိုက်ကျော်ခြင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်ဖြင့် ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့

ပိုက်ကျော်ခြင်းကမ္ဘာ့ဖလားပြိုင်ပွဲ၏ အမျိုးသားနှစ်ယောက်တွဲပွဲစဉ်မှာ မြန်မာအမျိုးသားအသင်းဟာ ရှုံးပွဲမရှိစံချိန်ဖြင့် ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါ...

ပိုက်ကျော်ခြင်းကမ္ဘာ့ဖလားပြိုင်ပွဲ၏ အမျိုးသား

နှစ်ယောက်တွဲပွဲစဉ်မှာ မြန်မာအမျိုးသားအသင်းဟာ ရှုံးပွဲမရှိစံချိန်ဖြင့် ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာအမျိုးသား ( နှစ်ယောက်တွဲ ) အသင်းဟာ အုပ်စုအဆင့်မှာ ဆွဇ်ဇလန် ၊ အီတလီ ၊ ထိုင်း ၊ ( အင်ဒိုနီးရှား ) အသင်းတို့ကို အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်အဆင့်မှာ အိမ်ရှင် အိန္ဒိယအသင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။ဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ရှင်အိန္ဒိယအသင်းကို ( ၁၅ - ၁၁ ) ၊ ( ၁၅ - ၁၂ ) ရလဒ်များဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာ ဗိုလ်လုပွဲအဆင့်ကို တက်‌ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်မှာ မလေးရှားနှင့် ထိုင်းပွဲစဉ်မှအနိုင်ရရှိသည့် အသင်းနှင့် တွေ့ဆုံသွားရမှာပဲ ဖြစ်ပါတယ် ။



news-view-count-icon

22