တရုတ်-ဂျပန် ဆက်ဆံရေး တိုးတက်မှုအရှိန်အဟုန်ကို လွယ်လင့်တကူ ရရှိခဲ့ခြင်းမဟုတ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဆက်လက်ထိန်းသိမ်းရန် အလွန်အရေးကြီးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၂၂ ရက်၌ ပြောကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တိုကျိုမြို့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကဲရှိ အိဝါယနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



