လော့စ်အိန်ဂျလိစ်ကောင်တီ တရားရုံးမှ ဂျူရီလူကြီးတစ်ဦးက Starbucks အား ပို့ဆောင်ရေးယာဉ်မောင်း အမျိုးသား Michael Garcia အား ကန်ဒေါ်လာ သန်း ၅၀ လျော်ကြေးပေးရန် မတ် ၁၄ ရက်တွင် စီရင်ချက်ချသည်။
Garcia သည် လက်ဖက်ရည် ပူပူလောင်လောင် ပေါင်ပေါ် ဖိတ်ကျခဲ့ရာမှ အရေပြား အသား အလွှာ၃ လွှာ အပူလောင်ခြင်း၊ လိင်အင်္ဂါတွင် သေရာပါရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ရခြင်းတို့ ဖြစ်ပွားခဲ့သဖြင့် လျော်ကြေး ရလိုမှုဖြင့် တရားစွဲဆိုခဲ့သည်။



