back

အာဆတ်ကို ပြန်လည်လွှဲပြောင်းပေးရန် ရုရှားအစိုးရအား ထပ်မံတောင်းဆို

Mar 23 • 7:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆတ်ကို ပြန်လည်လွှဲပြောင်းပေးရန် ရုရှားအစိုးရအား ထပ်မံတောင်းဆို

မော်စကိုမှာ ခိုလုံနေထိုင်ခွင့်ပေးထားတဲ့ သမ္မတဟောင်း အာဆတ်ကို ဆီးရီးယားကို ပြန်လည်လွှဲပြောင်းပေးအပ်ဖို့ သမ္မတအာမက် အယ်လ်ရှာရာက ရုရှားအစိုးရကို ထပ်မံ တောင်းဆိုထား...

မော်စကိုမှာ ခိုလုံနေထိုင်ခွင့်ပေးထားတဲ့ သမ္မတဟောင်း အာဆတ်ကို ဆီးရီးယားကို ပြန်လည်လွှဲပြောင်းပေးအပ်ဖို့ သမ္မတအာမက် အယ်လ်ရှာရာက ရုရှားအစိုးရကို ထပ်မံ တောင်းဆိုထားကြောင်း မတ်လ ၂၂ ရက် အရှေ့အလယ်ပိုင်းနဲ့ ရုရှားအစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။မတ်လ ၂၀ ရက်က သမ္မတအာမက် အယ်လ်ရှာရာ ဆီကို ဗလာဒီမာပူတင်က “အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံတွင်းတည်ငြိမ်ရေးတွေရဖို့ ဆီးရီးယားအစိုးရ ရဲ့ ဆောင်ရွက်မှုတွေကို ထောက်ခံသလို ဆက်လက် ကူညီထောက်ပံ့ပေးသွားမယ်လို့” တရားဝင် သတင်းစကားပေးပို့ခဲ့ကြောင်း ရုရှားအစိုးရက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ အဆိုပါသတင်းထုတ်ပြန်ချက်အပြီးရက်ပိုင်းမှာ သမ္မတဟောင်း အာဆတ်ကို ဆီးရီးယားကို ပြန်လည်လွှဲပြောင်းပေးအပ်ဖို့ ရုရှားကို ထပ်မံ တောင်းဆိုထားတယ်ဆိုတဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ 


news-view-count-icon

19