မတ်လ ၂၂ ရက်နေ့က မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာဘောလုံးအကယ်ဒမီတွင်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ Football for Schools အစီအစဉ်ဖြင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများအတွက် ဘောလုံး ၁၀၀၀ အား ပံ့ပိုးပေးအပ်ခြင်းကို ပြုလုပ်ခဲ့ပါတယ်။အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများအတွက် ဘောလုံး ၁၀၀၀ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်မှတဆင့် ပေးအပ်ခဲ့သည်။ ယင်းနောက် အခမ်းအနား တက်ရောက်လာသူများက MFF မှဖွင့်လှစ်နေသည့် နွေရာသီ ဘောလုံးသင်တန်းအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် MFF ဥက္ကဌတို့က သင်တန်းသား တစ်ဦးချင်းစီအား ဘောလုံးများ လှူဒါန်းပံ့ပိုးခဲ့ပါတယ်။



