back

ပြည်ထောင်စုဝန်ကြီး တောင်ကြီးမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

Mar 23 • 5:56 AM

breaking-news

မြန်မာ

ရှမ်း

cover

ပြည်ထောင်စုဝန်ကြီး တောင်ကြီးမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မတ် ၂၃ ရက်နေ့က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ...

မတ် ၂၃ ရက်နေ့က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မင်းကျောင်းဘုန်းတော်ကြီးကျောင်း၌ တောင်ကြီးမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ပြားရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက် အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Bio metric) ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ် တစ်ပါ တည်း ထုတ်ပေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

news-view-count-icon

69