Generation Z တွေရဲ့ ပျမ်းမျှနေ့စဉ်အင်တာနက်အသုံးပြုမှုက ၁၂ နာရီနဲ့ ၈ နာရီအထိ ရှိတာကြောင့် အချိန်အကြာကြီးအသုံးပြုခြင်းဟာ စိတ်ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်နိုင်ချေများတယ်လို့ သုသေသနပညာရှင်တွေက ပြောပါတယ်။
ဆိုရှယ်မီဒီယာကို အချိန်ကြာမြင့်စွာအသုံးပြုခြင်းက Generation Z ၅၃ % ကျော်ကို စိတ်ကျန်းမာရေးချို့ယွင်းမှုများစွာဖြစ်ပေါ်စေနိုင်ပြိး ၅၈% ကတော့ အခြားသူတွေရဲ့ ဖိအားများစွာကို ရင်ဆိုင်ရပြီး စိတ်ထိခိုက်မှုများစွာကြုံတွေ့နေရကြောင်း ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) က အသိပေးလာတာဖြစ်ပါတယ်။



