ရုရှားက မတ်လ ၂၄ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ပြုလုပ်မည့် ဆွေးနွေးပွဲတွင်တိုးတက်မှုအချို့ ရရှိမည်ဟုမျှော်လင့်ထားကြောင်း ရုရှား ဆွေးနွေးသူတစ်ဦးက အစိုးရပိုင်သတင်းဌာနကို ပြောကြားခဲ့သည်။ သုံးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သော ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် အမေရိကန်က ရုရှား၊ယူကရိန်းတို့နှင့်မဆွေးနွေးမီ ၄၈နာရီအလိုတွင်ရုရှားစေ့စပ်ညှိနှိုင်းရေးသမားက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။



