မြန်မာနိုင်ငံအတွက် လျှပ်စစ်၊ အင်တာနက်နဲ့ လောင်စာဆီကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမှာမဟုတ်ဘဲ နယ်စပ်လုံခြုံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဖွမ်သမ်ဝီချာရာချိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ကန့်သတ်ချက်တွေကို ဆက်ထားမှာဖြစ်ပြီး ဒါဟာအိမ်နီးချင်းနိုင်ငံမှာ ဆက်လက်လည်ပတ်နေတဲ့ ဆိုက်ဘာရာဇဝတ်မှုကွန်ရက်တွေကို တိုက်ဖျက်ရေးမှာ ဒီအစီအမံတွေ လိုအပ်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။



