ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူက မိမိအနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူလိုခဲ့ကြောင်း ဝန်ခံပြောကြားသည်။ အသက် (၃၁) နှစ်အရွယ်ရှိ လူကာကူသည် ဘယ်လ်ဂျီယံအသင်း၏ ရွှေရောင်မျိုးဆက်တွင် ပါဝင်ခဲ့သူဖြစ်သည်။ သို့သော် ဘယ်လ်ဂျီယံရွှေရောင်မျိုးဆက်မှာ နည်းပြ ဝီမော့စ်၊ ရောဘတ်တိုမာတီနက်ဇ်နှင့် တီဒက်စ်ကိုတို့လက်ထက်တွင် ကြီးမားသည့်အောင်မြင်မှုမရဘဲ အဆုံးသတ်သွားခဲ့သည်။



