back

မဲခေါင်-လန်ချန်း ဒေသတွင်းပေါင်းစည်းမှုနှင့် မျှဝေသောအနာဂတ်

Mar 23 • 3:26 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မဲခေါင်-လန်ချန်း ဒေသတွင်းပေါင်းစည်းမှုနှင့် မျှဝေသောအနာဂတ်

ဒေသတွင်းပေါင်းစည်းမှုသည် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ စီးပွားရေး၊ လူမှုရေး၊ တည်ငြိမ်မှု၊ သဟဇာတမှုတို့အား အတူတကွ တိုးတက်စေရန် ရည်ရွယ်သည်...

ဒေသတွင်းပေါင်းစည်းမှုသည် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ စီးပွားရေး၊ လူမှုရေး၊ တည်ငြိမ်မှု၊ သဟဇာတမှုတို့အား အတူတကွ တိုးတက်စေရန် ရည်ရွယ်သည်။ ယင်းစံနစ်အောက်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ကို ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုဘဝသာယာမှုနှင့် ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချမှု တို့ကို အဓိကထား ဆောင်ရွက်လာသည်။အခုလို ပူးပေါင်းဆောင်ရွက်မှုသည် တူညီဆန္ဒ၊ ညီတူညီမျှမှု၊ အပြန်အလှန်ညှိနှိုင်းမှု၊ ဆန္ဒအလျောက်ပါဝင်မှု၊ မျှဝေခံစားမှု စသည့် နိုင်ငံတကာမူဝါဒများနှင့် ကိုက်ညီကာ အကျိုးတူမဖြစ်နိုင်မည့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်စေရန် အရေးပါသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သည် အာဆီယံအသိုက်အဝန်းတည်ထောင်မှု၊ ကုလသမဂ္ဂ၏ ၂၀၃၀ ဖွံ့ဖြိုးမှု ရည်မှန်းချက်များ ပြည့်မှီရေး အထောက်အကူဖြစ်နိုင်သည်။ပိုမိုခိုင်မာသော ဒေသတွင်းပေါင်းစည်းမှုဖြင့် စီးပွားရေးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်မှု၊ လူမှုဘောင်တည်ငြိမ်မှု တို့ကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်သည်။


news-view-count-icon

13