back

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက် ကုန်ပစ္စည်းနှစ်မျိုးဖမ်းမိခဲ့

Mar 23 • 2:51 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက် ကုန်ပစ္စည်းနှစ်မျိုးဖမ်းမိခဲ့

မတ်လ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရှမ်းတဲကြီးကျ...

မတ်လ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရှမ်းတဲကြီးကျေးရွာ၊ ထက်ဧကရီ စက်သုံးဆီဆိုင်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက် ကုန်ပစ္စည်းနှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၉၇၂,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truckတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို လည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၅၃,၇၂၀,၀၀၀)ကို လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၃၇,၀၆၂,၈၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၇,၇၅၅,၃၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။


news-view-count-icon

21