တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဆေးရုံ၊ ဆေးခန်းများ၌ ခြင်၊ ယင် ပေါက်ဖွားမှုမရှိစေရေးနှင့် တက်ရောက်ကုသနေသော လူနာများ လေကောင်းလေသန့်ရရှိစေရန် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



