ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ဆိုက်ခေါင်-မောက်မယ်-မိုးနဲလမ်း တွင် စစ်ဆေးရေးဂိတ် ၁၆ခုရှိပြီး မတ်လအလယ်ပိုင်းမှစတင်ကာ ၆ဘီးကားတစီးအတွက် ၆သိန်းအထိ အခွန်ကောက်ခံမှု ကြောင့် ကုန်သည်များနှင့် ကုန်ကားသမားများအခက်ကြုံနေကြောင်း သိရသည်။တောင်ကြီး-လွိုင်လင်လမ်း တောင်ပြိုမှုကြောင့် အဆိုပါလမ်းကို အသုံးများလာပြီးနောက်ပိုင်း မတိုင်ခင်က ၃သိန်းခွဲသာ ပေးရသော်လည်း မတ်လ ၃ပတ်မြောက်မှစ ၆သိန်းအထိ တိုးလာခြင်း ဖြစ်သည်။ ၁၀ဘီးကားအတွက် ခုနှစ်သိန်းခွဲ၊ ၁၂ဘီးကားအတွက် ရှစ်သိန်းခွဲ အထိ ကောက်ခံနေခြင်းကြောင့် ကုန်သွယ်မှု အခက်ကြုံနေရသည်။



