back

နှစ် (၈၀) ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်

Mar 23 • 12:45 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နှစ် (၈၀) ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်

မတ်လ ၂၂ရက် နေ့က ၂ဝ၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာ...

မတ်လ ၂၂ရက် နေ့က ၂ဝ၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည်။

news-view-count-icon

12