back

ပန်းတနော်မြို့၌ (၂)ရက်ကြာ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်သင်ကြား

Mar 22 • 5:06 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ပန်းတနော်မြို့၌ (၂)ရက်ကြာ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းမျာ...

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဒေသခံ ပြည်သူများအား စာတွေ့/လက်တွေ့ဆက်လက် သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။အဆိုပါ သင်တန်းကို ဒေသခံပြည်သူများ (၂၀) ဦးတို့ဖြင့် (၂) ရက်ကြာ သင်ကြားပို့ချနေပြီး ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခမဲ့သင်တန်းများအပြင် စာအုပ်စာစောင်ပြပွဲများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရပါသည်။



news-view-count-icon

14