ဆိုရှယ်မီဒီယာပေါ်မှ အကြောင်းအရာများကို ဖယ်ရှားပေးရန်တောင်းဆိုသည့် အမိန့်ညွှန်ကြားချက်များပေးလာမှုနှင့်ပတ်သက်ပြီး အီလွန်မတ်စ်အပိုင် X လူမှုကွန်ရက်ပလက်ဖောင်းက အိန္ဒိယအစိုးရကို တရားစွဲဆိုထားသည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော်လည်း အစိုးရတစ်ရပ်က ဆိုရှယ်မီဒီယာပေါ်မှ အကြောင်းအရာပို့စ်တစ်ခုကို ဖြုတ်ချပေးရန် တောင်းဆိုမှုအကြိမ်ရေအများဆုံး ထိပ်တန်းငါးနိုင်ငံထဲတွင် အမြဲပါဝင်နေသည်။



