MFF Vita Max Futsal League (II) 2024- 2025 ပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို မတ် ၂၂ ရက်က MFF Futsal Stadium တွင်ကျင်းပခဲ့ပြီး ပွဲစဉ်များ အပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ပြိုင်ပွဲတွင် အသန့်ရှင်းဆုံး အသင်းဆု ရရှိသော KKY အသင်းအား အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၃) သိန်း ကို ချီးမြှင့်ခဲ့သည်။ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော TG United အသင်းမှ ကျော်ဇင်မျိုးဦးကို အားကစားနှင့် ကာယပညာ သိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးက အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၅)သိန်းကိုလည်းကောင်း၊နှင့် ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား ဆု ရရှိသော TG United အသင်းမှ ချစ်စမ်းမောင်ကို မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနည်းပြချုပ် Mr. Pattaya က အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၅) သိန်းစီ ကို ပေးအပ်ခဲ့သည်။ထို့နောက် ပြိုင်ပွဲ၏ စတုတ္ထဆု ရရှိသော JZ Yangon အသင်းကို ဖူဆယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း က ဆုကြေးငွေကျပ် (၁၀)သိန်း ကို ပေးအပ်ခဲ့ပြီး ပြိုင်ပွဲ၏ တတိယဆု ရရှိသော Gold Dream အသင်းကို Century Beverage Co,Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုင်းဝင်းအောင် က တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေးငွေကျပ် (၁၅)သိန်းကို ပေးအပ်ခဲ့သည်။ ဒုတိယဆု ရရှိသော Pacific Sun Far အသင်းကို ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော် က တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေးငွေကျပ် သိန်း (၃၀) ကိုပေးအပ်ခဲ့သည်။ဆက်လက်၍ ပထမဆု ရရှိခဲ့သော TG United FC အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ က တစ်ဦးချင်းဆုများနှင့် ဆုကြေးငွေ ကျပ် သိန်း (၅၀) ကိုပေးအပ်ခ့ပါသည်။



