back

ထိုင်းကို MOU စနစ်နဲ့သွားတဲ့ မြန်မာအမျိုးသမီးလုပ်သားတစ်ဦး သုံးလကြာအထိအလုပ်မရဘဲ အလုပ်စောင့်ရင်းသေဆုံး

Mar 22 • 3:17 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထိုင်းကို MOU စနစ်နဲ့သွားတဲ့ မြန်မာအမျိုးသမီးလုပ်သားတစ်ဦး သုံးလကြာအထိအလုပ်မရဘဲ အလုပ်စောင့်ရင်းသေဆုံး

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ တရားဝင်အေဂျင်စီနဲ့ ချိတ်ဆက်သွားရောက်ခဲ့ပေမယ့် သုံးလကြာတဲ့အထိ အလုပ်မရဘဲ အေဂျင်စီကရှာပေးမယ့် အလုပ်စောင့်ရင်းနှင့်ပင် အမျိုးသမီးအလုပ်သ...

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ တရားဝင်အေဂျင်စီနဲ့ ချိတ်ဆက်သွားရောက်ခဲ့ပေမယ့် သုံးလကြာတဲ့အထိ အလုပ်မရဘဲ အေဂျင်စီကရှာပေးမယ့် အလုပ်စောင့်ရင်းနှင့်ပင် အမျိုးသမီးအလုပ်သမားတစ်ဦးသေဆုံးခဲ့တယ်လို့ ထိုင်းမှ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီကသိရပါတယ်။မြင့်မြတ်တံခွန်အေဂျင်စီမှ ပို့ဆောင်ထားတဲ့အလုပ်သမား ၆၄ ဦးမှာ ၃ လကြာသည်အထိ အလုပ်မရရှိခဲ့ကြောင်းနဲ့ ၎င်းတို့ထဲက အမျိုးသမီးတစ်ဦးဟာအလုပ်စောင့်နေစဉ်အချိန်မှာ နာမကျန်းဖြစ်ကာ သေဆုံးမှုဖြစ်ပွားခဲ့တာပါ။ဒါကြောင့် နစ်နာသူများအနေနဲ့ M.H.A.C မဟာမိတ် အဖွဲ့ထံအကူအညီတောင်းခံကာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က ဘန်ကောက်မြို့၊ ထိုင်းအလုပ်သမားဝန်ကြီး ဌာနသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရပါတယ်။



news-view-count-icon

23