back

ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် တင်သွင်းရောက်ရှိ

Mar 22 • 1:24 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် တင်သွင်းရောက်ရှိ

ပြည်တွင်း စက်သုံးဆီ ဖူလုံရေးအတွက် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်း‌နေပြီး ဆက်တိုက်‌ ရောက်ရှိနေကြောင်း သိရသည်။နေ့စဉ် သုံးစွဲမှုပမာဏအပြင် အရန်ဆီအနေဖ...

ပြည်တွင်း စက်သုံးဆီ ဖူလုံရေးအတွက် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်း‌နေပြီး ဆက်တိုက်‌ ရောက်ရှိနေကြောင်း သိရသည်။နေ့စဉ် သုံးစွဲမှုပမာဏအပြင် အရန်ဆီအနေဖြင့်လည်း ရက်သတ္တသုံးပတ်စာခန့်အထိ ကြိုတင်တင်သွင်း သိုလှောင်ထားရှိသည်ဟု ထုတ်ပြန်ထားသည်။အဓိကဆက်သွယ်ရေး လမ်းကြောင်းကြီးများဖြစ်သည့် ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေးအမြန်လမ်း၊ ရန်ကုန်-ပုသိမ်-ချောင်းသာ-ငွေဆောင်လမ်း၊ သာစည်-ကလော-အင်းလေး-တောင်ကြီးလမ်း၊ မန္တလေး-မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုပ္ပား-ပုဂံလမ်း၊ မန္တလေး-ပြင်ဦးလွင်လမ်း၊ မကွေး-မင်းဘူး-ရွှေစက်တော် လမ်းများပေါ်ရှိ အရောင်းဆိုင်များနှင့် မြို့ကြီးများရှိ အဓိကအရောင်းဆိုင်များသို့ စက်သုံးဆီ ကြိုတင်ဖြည့်တင်းထားကြောင်း သိရသည်။



news-view-count-icon

24