စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့သနပ်ခါးအကြောင်း အရာနှင့်ပတ်သက်သည့် အလွတ်တန်းစာစီစာကုံးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့ ၊ နံနက် (၉)နာရီအချိန်တွင် မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
(က) သနပ်ခါးနှင့်ပတ်သက်သော သမိုင်းကြောင်း
( ခ) ခေတ်အဆက်ဆက် ရိုးရာယဉ်ကျေးမှုအဖြစ် သနပ်ခါးလိမ်းခြယ်မှု
( ဂ) သနပ်ခါး၏ အသုံးဝင်ပုံများ
(ဃ) သနပ်ခါးဈေးကွက်များ
၃။ ပြိုင်ပွဲဝင်လိုသူများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၀၉-၂၅၉၁၀၂၃၄၀၊ ၀၉-၇၉၀၇၉၁၆၇၇ နှင့် မြို့နယ်စာရေးဆရာအသင်း၊ ၀၉-၄၀၀၄၀၅၇၀၀ တို့ထံ ဆက်သွယ်၍ ၂၅-၃-၂၀၂၅ ရက်၊ (အင်္ဂါနေ့) ၊ ညနေ (၁၆:၀၀) နာရီ နောက်ဆုံးထားစာရင်း ပေးပို့ကြရမည်ဖြစ်ပါသည်။
၄။ ပြိုင်ပွဲဝင် စာစီစာကုံးများကို စိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ရွေးချယ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများအား ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။



