back

VOA ပိတ်သိမ်းမှုနှင့်ပတ်သက်၍ ထရမ့်အစိုးရအား တရားစွဲပြီ

Mar 22 • 1:03 PM

breaking-news

မြန်မာ

ပြည်ပ

cover

VOA ပိတ်သိမ်းမှုနှင့်ပတ်သက်၍ ထရမ့်အစိုးရအား တရားစွဲပြီ

Voice of America (VOA) ဝန်ထမ်းများ၊ သတင်းထောက်များ၊ သမဂ္ဂများနှင့် နယ်စည်းမခြားသတင်းထောက်များ(Reporters Without Borders - RSF) တို့က ထရမ့်အစိုးရအဖွဲ့ကို တရားစွဲ...

Voice of America (VOA) ဝန်ထမ်းများ၊ သတင်းထောက်များ၊ သမဂ္ဂများနှင့် နယ်စည်းမခြားသတင်းထောက်များ(Reporters Without Borders - RSF) တို့က ထရမ့်အစိုးရအဖွဲ့ကို တရားစွဲဆိုခဲ့ကြပြီး အမေရိကန်အစိုးရအနေဖြင့် သတင်းဌာနများကို ပိတ်သိမ်းခြင်းသည် ဥပဒေများစွာကို ချိုးဖောက်ခဲ့သည်ဟု ဆိုကာ VOA ကို ပြန်လည်ဖွင့်ပေးရန် တောင်းဆိုခဲ့သည်။ ယင်းတရားစွဲဆိုမှုကို မတ်လ ၂၁ ရက်သောကြာနေ့ ညနက်ပိုင်းတွင် နယူးယောက်တောင်ပိုင်းခရိုင်တရားရုံးသို့ တင်သွင်းခဲ့ပြီး သမဂ္ဂအချို့၊ RSF နှင့် VOA သတင်းထောက် ၆ ဦးတို့က VOA ၏ မိခင်ကုမ္ပဏီ U.S. Agency for Global Media (USAGM)၏ ယာယီဒါရိုက်တာ ဗစ်တာမို‌ရေးစ်(Victor Morales) နှင့် အထူးအကြံပေးပုဂ္ဂိုလ် ကာရီလိက်စ်(Kari Lake)တို့ကို တရားစွဲဆိုခဲ့သည်။


news-view-count-icon

15